တန့်ယန်း အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူလူထုများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေရာ လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေကြောင်း သိရသည်။
အဆိုပါ နမ့်လန်ကျေးရွာ ဘက်စုံသုံးခန်းမအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေမှ ငွေကျပ်(၁၅)သန်းနှင့် ကျေးရွာနေပြည်သူလူထုများမှ လုပ်ငန်းတန်ဖိုးပါဝင်မှု ငွေကျပ်(၇)သန်းတို့ဖြင့် အလျား(၄၅)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် တာဝန်ရှိသူများ အနီးကပ်ကြီးကြပ် ဆောက်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)