ညောင်ဦး အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးခရီးသွားဘုရားဖူးများ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလထိ ပြည်တွင်း/ပြည်ပခရီးသွား ဝင်ရောက်ကာ ဟိုတယ်၊ မိုတယ်၊ တည်းခိုးရိပ်သာများတွင် ဝင်ရောက်တည်းခိုသူ ၃၂၇၄၅၁ ဦး၊ ရှိခဲ့ပြီး နေ့ခြင်းပြန်ဘုရားဖူးခရီးသွားဝင်ရောက်မှု (၉)လအတွင်း ၁.၃ သန်း လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဦးမျိုးမင်းအောင်(လက်ထောက်ညွှန်ကြား ရေးမှူး)ထံကသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ရက်လျှင် ခရီးသွား ဘုရားဖူးဝင်ရောက်လာမှု ၁၅၀၀ ဦးခန့်ရှိခဲ့ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းဘုရားဖူး ခရီးသွားများသာ ယခုနှစ် လာရောက်မှုများခဲ့ကြောင်း၊ ပြည်ပခရီးသွား ၉၄၇၁ ဦးလာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် နှစ်စဉ်နှစ်တိုင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီး သွားလာရောက်မှု အများဆုံးလာရောက်သည့် လများဖြစ်ကာ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ (၉)လအတွင်း နေ့ခြင်းပြန် ခရီးသွားဝင်ရောက်မှု (၁.၃)သန်း နှင့် ဟိုတယ်များတွင်တည်းလာရောက်တည်းခိုသူ ၃၂၇၄၅၁ ဦး ရှိခဲ့ကြောင်းသိရသည်။
ဒီပါလင်း