ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငါန်းဇွန် အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများအသုံးပြုနိုင်ရန် ယနေ့နံနက် ၈ နာရီခွဲက မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးပြီး ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် တာဝန်ရှိသူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။                   

သက်နောင်ဦး(ငါန်းဇွန်)