ဌာနဆိုင်ရာ ရုံးဝန်ထမ်းများအနေဖြင့် စာအုပ်၊ စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန် Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်

မိုင်းနောင် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးသို့ Mobile Libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များကို ယနေ့ နံနက်(၁၀)နာရီအချိန်က သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

ထ်ိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဝန်ထမ်းနှင့် မိသားစုဝင်များအား အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတများရရှိစေရေး၊ အားလပ်ချိန်များတွင် စာအုပ်၊ စာစောင်များ ဖတ်ရှုအပန်းဖြေနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာ ရင်းအင်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)