သိန္နီမြို့၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သိန္နီ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်ကို သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းမကြီးတိုးဂိတ်နှင့် လားရှိုး-မူဆယ်လမ်းမကြီးတိုးဂိတ်၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ဖြန့်ဝေခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာန၊  မြို့နယ်ယာဥ်ထိမ်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများက ယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး အဆိုပါလက်ကမ်းစာစောင်တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများလိုက်နာရန် စည်းကမ်းများ၊ လမ်းဖြတ်ကူးပါက လိုက်နာရမည့် စည်းကမ်းများ၊ ယာဥ်တိုက်မှုဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့်အချက်များ၊ မိမိယာဥ်အား ကျော်တက်နိုင်ကြောင်း အချက်ပြခြင်း၊ အန္တရာယ်အသိပေး လမ်းညွှန်အမှတ်အသားများ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ စသည်တို့ကို ဖော်ပြပါရှိကြောင်း သိရှိသည်။

မြို့နယ်(ပြန်/ဆက်)