ကျောက်တန်း အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သမဝါယမအသင်းစုလီမီတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာ အစည်းအဝးကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်တန်းမြို့ သမဝါယမအသင်းစု လီမီတက်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိအသင်းဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကျောက်တန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေထွန်းတို့က အမှာစကား ပြောကြားခဲ့ပြီး အသင်း၏ဒါရိုက်တာအဖွဲ့မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းခြင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားခြင်း၊ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၊ နှစ်ချုပ်စာရင်းစစ်ဆေးချက် အစီရင်ခံစာများကို ဖတ်ကြားရှင်းလင်းခဲ့သည်။
ထို့နောက်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်အဖွဲ့၏ လုပ်ငန်းဆိုင်ရာအစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို သဘာပတိမှ အတည်ပြုချက်ရယူပြီး အသင်းဝင်ကိုယ်စားလှယ်များ၏ အကြံပြုချက်၊ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွက် အသင်းဝင်အခြေခံအသင်း (၇၉)သင်း၏အစုပေါ် အမြတ်ငွေများကို အသင်းအားလုံး၏ကိုယ်စား ရွှေကံကော်အသင်းဥက္ကဋ္ဌ ဦးမောင်ထွန်းထံသို့ မြို့နယ်သမဦးစီးအရာရှိ ဒေါ်အေးအေးထွန်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်း (ပြန်/ဆက်)