မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်တော်နှင့် ရင်ပြင်တော်၌ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူအပေါင်း  စိတ်အေးချမ်းသာစွာ ကြည်ညိုသပ္ပါယ်စွာ ဖူးမြော်နိုင်ရေးအတွက် ယမန်နေ့ ည​နေပိုင်းတွင်  မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ပရိဝုဏ်တော်နှင့် ရင်ပြင်တော်၌ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက  စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်ကြသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်တော်နှင့် ရင်ပြင်တော်တွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများက ဦးဆောင်၍ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများက တံမြက်စည်းလှည်း စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)