ကွမ်းခြံကုန်းမြို့ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အောက်တိုဘာ ၁၄ ရက်နေ့က တိုင်းရင်းဆေးပညာဖြင့် လက်ခုပ်ကုန်းကျေးရွာ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ (အခမဲ့) ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်၊၊
အဆိုပါ ကွင်းဆင်းဆေးကုသမှု ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်က တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုပေးခဲ့ပြီး တိုင်းရင်းဆေးအကြောင်း သိကောင်းစရာအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်က တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ မီးယပ်၊ လေဖြတ်လေငန်း၊ ကျီးပေါင်းရောဂါစသည့် လူနာ(၂၁)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)