ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပါရမီရှင်ကမ်းလက်အသင်းမှ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းမှ ရေလွှမ်းမိုးခံရသည့် ကျေးရွာများသို့ သွားရောက်လှူဒါန်း

ဒဂုံအရှေ့ အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ရေလွှမ်းမိုးခံရသည့် ရွာများသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပါရမီရှင် ကမ်းလက်အသင်းမှ ဦးဆောင်၍ ဆန်၊ ငါးသေတ္တာဘူး၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်များအား ယမန်နေ့ညနေပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်အတွင်း ရေလွှမ်းမိုးခံရသည့် ကျေးရွာများသို့  ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၃) ရပ်ကွက် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ကျောင်း ပဓာနနာယကဆရာတော် ဒေါက်တာအရှင်နေမိန္ဒ (သဒ္ဓမ္မဇောတိကဓဇ) ဦးဆောင်ပြီး ပါရမီရှင်ကမ်းလက် ပရဟိတအသင်းမှ​​ဒေါ်ဝင်းဝင်းအောင်နှင့်   အိမ်ခြံမြေ ရောင်းဝယ်ရေးမှ ဦးမျိုးခိုင်+ဒေါ်မေနိုင်ဝင်းနှင့် အမှတ်(၁၀၈) ရပ်ကွက်မှ ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ လှည်းကူးမြို့နယ် ဒရဲဖိုကျေးရွာ၊ ထိန်ချောင်းကျေးရွာနှင့် ညောင်တစ်ခြမ်းတို့မှ ရေဘေးသင့် အိမ်ထောင်စုရေ (၂၅၀)အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်၊ ငါးသေတ္တာတစ်ဘူး၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်တစ်ကဒ်၊ ခြင်ဆေးခွေ တစ်ဘူးနှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)