ကျောက်တလုံးကြီး အောက်တိုဘာ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက် တတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် Great 12, 11, 10, 9, 7, 6, 4 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးအားနံနက်ပိုင်းတွင်လည်းကောင်း၊ Great 3, 5, 8 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၁) ဦးအား နေ့လယ်ပိုင်းတွင်လည်းကောင်း ဖြေဆိုသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြန်မာစာ၊ ၁၆ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၁၇ ရက်နေ့တွင်သင်္ချာ၊ ၁၈ ရက်နေ့တွင် အခြေခံသိပ္ပံ၊ ပထဝီဝင်နှင့် ဓာတုဗေဒ၊ ၁၉ ရက်နေ့တွင် လူမှုရေး၊ သမိုင်းနှင့် ရူပဗေဒ၊ ၂၀ ရက်နေ့တွင် အထွေထွေသိပ္ပံ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၂၁ ရက်နေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်တို့ကို ဖြေဆိုမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးလွင်၏ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန္တာဝင်း(ပြန်/ဆက်)