မိတ္ထီလာ အောက်တိုဘာ ၁၅
မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကုန်ထုတ်လမ်း အမြန်ဆုံး ဖောက်လုပ်ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် ပျော်ဘွယ်သား ကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီးဆောင်ရွက်လျက်ရှိသည့် အဆိုပါ ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တိုင်းဒေသကြီး အင်ဂျင်နီယာ ဒေါ်ဝင့်ဝါဖြူနှင့် တာဝန်ရှိသူများက တိုင်းတာစစ်ဆေးပြီး ကုန်ထုတ်လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အရည်အသွေး ပြည့်မီဆောင်ရွက်ရေးနှင့် လုပ်ငန်းများကို သတ်မှတ်ကာလမတိုင်မီ ပြီးစီးဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။ အဆိုပါ ဂွေးကုန်းကျေးရွာကုန်ထုတ်လမ်းမှာ အကျယ် ၁၈ ပေ၊ အရှည် ၂ မိုင် ၊ မြေသားတင် ဂျင်းလမ်းအမျိုးအစားဖြစ်ပြီး ဂွေးကုန်းကျေးရွာကုန်ထုတ်လမ်းမှာ အကျယ် ၁၈ ပေ၊ အရှည် ၂ မိုင်၊ မြေသားတင် ဂျင်းလမ်းအမျိုအစားဖြစ်ပြီး Slab Culvert ၂ စင်းကိုလည်း ထည့်သွင်း ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါ ဂွေးကုန်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၄ ရွာ မှ စိုက်ပျိုးမြေ ၁၂ဝဝဝ ဧကကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ