ချမ်းမြသာစည် အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း၊ ၁၀၂x၁၀၃ လမ်းကြားရှိ ကုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံ၊ ၆၂ လမ်း၊ ၁၀၄x၁၀၅ လမ်းကြားရှိ ကုတင် (၅၀၀)ဆံ့ အရိုးရောဂါအထူးကု ဆေးရုံကြီးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဝန်းများအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ပလစ(၂)မှ တပ်မှူး ဗိုလ်မှူးကြီး သိန်းဝင်း၊ ချမ်းမြသာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဝေဖြိုးအောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ ကုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာပိုင်ခန့်၊ အရိုးအထူးကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းထွန်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာ ကျော်သီဟတို့ဦးစီး၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၅၇၅) ဦးတို့မှ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေသည့်နေရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့မှ လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)