သဘာဝဘေးကြောင့် ထိခိုက်နစ်နာမှု လျော့ပါးသက်သာရေးအတွက် အယ်လ်နီညို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းယောင်း အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း သဘာဝဘေးကြောင့် ထိခိုက်နစ်နာမှု လျော့ပါးသက်သာရေးအတွက် အယ်နီညို အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့က မြို့နယ်ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏ လမ်းညွှန်မှုနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၏ ကြီးကြပ်မှုဖြင့် ဖြန့်ဝေခြင်းဖြစ်ပြီး အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အယ်နီညိုဆိုသည်မှာ၊ မိုးနှောင်းကာလ ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်နှင့် ရှောင်ရန်/ဆောင်ရန်များ၊ အယ်နီညိုကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် သတိပြရန်စသည့် သဘာဝဘေးကြောင့် ထိခိုက်နစ်နာမှု လျော့ပါးသက်သာရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း