ညောင်ဦး အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေး ခရီးသွားဘုရားဖူးများ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလထိ ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်ကာ ဟိုတယ်၊ မိုတယ်၊ တည်းခိုးရိပ်သာများတွင် ဝင်ရောက်တည်းခိုသူ ၃၂၇၄၅၁ ဦး၊ ရှိခဲ့ပြီး နေ့ခြင်းပြန်ဘုရားဖူး ခရီးသွားဝင်ရောက်မှု (၉)လအတွင်း ၁.၃ သန်း လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဦးမျိုးမင်းအောင် (လက်ထောက်ညွှန်ကြား ရေးမှူး)ထံက သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ရက်လျှင် ခရီးသွား ဘုရားဖူးဝင်ရောက်လာမှု ၁၅၀၀ ဦးခန့် ရှိခဲ့ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းဘုရားဖူး ခရီးသွားများသာ ယခုနှစ်လာရောက်မှုများခဲ့ကြောင်း၊ ပြည်ပခရီးသွား ၉၄၇၁ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် နှစ်စဉ်နှစ်တိုင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားလာရောက်မှု အများဆုံးလာ ရောက်သည့်လများဖြစ်ကာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ (၉)လအတွင်း နေ့ခြင်းပြန်ခရီးသွားဝင်ရောက်မှု (၁.၃)သန်း နှင့် ဟိုတယ်များတွင်တည်းလာရောက်တည်းခိုသူ ၃၂၇၄၅၁ ဦးရှိခဲ့ကြောင်း သိရသည်။
ဒီပါလင်း