ဟိုပုံး အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈နာရီအချိန်က ဟိုပုံးမြို့အဝင် ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီး နေမင်းရောင်တိုးဂိတ် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့် အချက်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ် ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု မဖြစ်ပွားရေးအတွက် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် ကားထိုင်ခုံခါးပတ်များကို စနစ်တကျ တပ်ဆင်မောင်းနှင် သွားလာကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)