သာကေတ အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးညွှန့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရိုးရာခြင်းလုံးဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဦးမျိုးမင်းဦးမှ ရိုးရာခြင်းလုံးအား ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ပြုံးမှ လက်ခံရယူခဲ့သည်။ ထို့နောက် စက်တင်ဘာလ (၄)ရက်နေ့မှ အောက်တိုဘာလ (၁၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ အခြေခံဝူရှူး၊ ဘော်လီဘော အားကစားသင်တန်း၌ ပြီးမြောက်စွာတက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ သင်တန်းသားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်းမှ သင်တန်းဆင်းလက်မှတ်အား ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသား (၂)ဦးမှ လက်ခံရယူခဲ့သည်။ ဆက်လက်ပြီဝူရှူး အားကစားသင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများမှ ဝူရှူးအားကစားနည်းများဖြင့် လည်းကောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ရွှေတံဆိပ်ဆုရှင် မခိုင်သဇင်ဖြိုးမှ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းဖြင့် လည်းကောင်း သရုပ်ပြသဖျော်ဖြေပေးခဲ့သည်။
ထို့နောက် ၂၀၂၃ခု နှစ် မိုးရာသီ အခြေခံအားကစားသင်တန်းနည်းပြများနှင့် သရုပ်ပြအဖွဲ့များအား တာဝန်ရှိသူများ မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)