နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တ အာဒိစ္စဝံသ မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း

ပုဗ္ဗသီရိ အောက်တိုဘာ ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည်  နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တ အာဒိစ္စဝံသမဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  ကောင်စီဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ ကောင်စီအဖွဲ့ဝင် ၃ ဦးမြင့်စိုး၊ ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ နေပြည်တော်သာသနာရေး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ ဇေယျာသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့သည် ဝဲကြီးကျေးရွာ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တ အာဒိစ္စဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ တာဝန်ရှိသူအဖွဲ့များမှ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍  ဝဲကြီးကျေးရွာ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက်မှ မွန်းလွဲ (၂) နာရီခွဲအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်းသိရသည်။         

သန်းသန်းနွယ်(ပုဗ္ဗ)