ပြင်ဦးလွင် အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ပြင်ဦးလွင်မြို့နယ်အတွင်း ပလတ်စတစ် လျော့ချသုံးစွဲရေးနှင့် စနစ်တကျအမှိုက်ခွဲခြား စွန့်ပစ်ရေးတို့အတွက် အသိပညာပေးလူထုလှုပ်ရှားမှုကို ယမန်နေ့က ပြင်ဦးလွင်မြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုလှုပ်ရှားမှု ပညာပေးအစီအစဉ်တွင် ပလတ်စတစ် လျော့ချသုံးစွဲရေးအတွက် Recycle Bag ၅၀၀ အိတ် ဖြန့်ဝေပေးခြင်း၊ ပလတ်စတစ်လျော့ချသုံးစွဲရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိသောအမှိုက် စသည်ဖြင့် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများအား ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်နီသင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဝင်းကိုနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင်ပြန်/ဆက်)