မဟာအောင်မြေမြို့နယ်၌ ရပ်ကွက်နေပြည်သူများစုပေါင်း၍ ဘုံဆွမ်းလောင်းလှူဒါန်းပွဲပြုလုပ်

မဟာအောင်မြေ အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၆)ကြိမ်မြောက် မဟာမြိုင်(၁)ရပ်ကွက်နေ ပြည်သူများစု‌ပေါင်း၍ ဘုံဆွမ်းလောင်းအသင်းမှ လစဥ်လဆန်း (၁)ရက်နေ့နံနက် (၅)နာရီအချိန်က သိပ္ပံလမ်း ၆၈ လမ်းဒေါင့်တွင် သံဃာတော်(၃၀၀)ပါးကျော်တို့အား ကြက်သားဟင်း၊ ပဲနှပ်၊ သရက်ချဉ်သုပ်၊ ဆပ်ပြာမုန့်၊ သင်္ကန်း ၅ စုံ ဝတ္ထုငွေကျပ်(၂၅၀၀၀၀)၊ စာရေတံမဲများဖောက်၍ လှူဒါန်းကုသိုလ်ပြုခဲ့ရာ မီးအိမ်ရှင်ဆရာတော်ဦးစီး၍ ဘုံဆွမ်းလောင်းလှူးဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုံဆွမ်းလောင်းလှူဒါန်းမှုအား မြို့မိမြို့ဖဖြစ်သည့် ဦးရင်မောင်ဟိန်းမိသားစု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦး မိသားစုနှင့် ရာအိမ်မှူး၊ ကွက်စိတ်မှူး ရပ်ကွက်နေပြည်သူများ စုပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း