မိုင်းတုံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဉယျာဉ်ကျောင်းတိုက်တွင် တည်ထား ကိုးကွယ်ထားသော မင်္ဂလာလာဘသိဒ္ဓိစေတီတော် ထီးတော်တင်လှူပူဇော်ပွဲ ဖြစ်မြောက်ရေး အတွက် ယမန်နေ့ည ၇နာရီအချိန်က မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ မြို့မရပ်ကွက်နေ ပြည်သူများနှင့် ပူးပေါင်း၍ စုပေါင်းညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းညှိနှိုင်းအစည်းအဝေးကို ဉယျာဉ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလမှ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အစည်းအဝေး စတင်ရာ ဆရာတော် ဘဒ္ဒန္တဝိမလက ထီးတော်တင်လှူ ပူဇော်ပွဲ ဖြစ်မြောက်ရေးတွင် လိုအပ်မည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းမိန့်ကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလွင်မိုးက ထီးတော်တင်လှူ ပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် ဆပ်ကော်မတီအဖွဲ့ (၁၈)ဖွဲ့ ဖွဲ့စည်း၍ ပါဝင်သည့် ဆပ်ကော်မတီအဖွဲ့ဉက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိအဖွဲ့တွင် ပါဝင်သည့် အဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားပြီး ဆက်လက်၍ ဆပ်ကော်မတီဖွဲ့ထားသည့် ကော်မတီအလိုက် လိုအပ်သည်များကို ဖြေ့စွက်ညှိနှိုင်းခဲ့ကြပြီး အစည်းဝေးကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" (၃)ကြိမ်ရွတ်ဆို၍ အစည်းအဝေးပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)