ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပ

ဗဟန်း အောက်တိုဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့‌နေ့လယ် ၁ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ 

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာမခင်စောတင့် ရေးသားသည့် "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Book Club အသင်းမှ နယက စာရေးဆရာရန်ကင်းကိုကိုလေးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုး က စာပေဗဟုသုတများတိုးပွားလာစေရန်၊ စာဖတ်အားကောင်းမွန်လာစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများကို အသုံးချတတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ မျှဝေတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်‌ကြောင်းကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  စာအုပ်ထဲတွင်ပါရှိသည့် အတွေးအမြင်စာစုများကို အပြန်အလှန်‌‌ဆွေးနွေးကြရာ Book Club ဥက္ကဋ္ဌ စာရေးဆရာဟိန်း‌ဇေက  "လမ်းလျှောက်ထွက်ကြမယ်"၊ Book Club အဖွဲ့ဝင်များဖြစ်ကြသော အမျိုးသားစာပေဆုရှင်စာရေးဆရာမောင်ခြိမ့်က  "သန်းခေါင်ယံမှ ဖုန်းခေါ်သံ"၊ စာရေးဆရာအောင်သျှံဝိုင်းက "စကားပြောဖို့ခလုတ်နှိပ်ပါ"၊ စာရေးဆရာဝင်းတင့်ဦး (ကြံခင်း)က "သိုက်မြုံမှခွာသောအခါ"၊ စာရေးဆရာကို‌မောင်သန်းဝင်းက "အချိန်အခါကိုသိပါ"၊ စာရေးဆရာမပေါက်ပေါက်က "စွန့်စားမှုဆီသို့ခြေတစ်လှမ်း"၊ "ရှုမဆုံးတော့သည့်"၊ "ရွေ့လျားစက်လှေကားပေါ်မှသူစိမ်း" စသည့်အကြောင်းအရာတို့ကို အသီးသီးဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြ‌သော စာရေးဆရာမများ၊ စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေးကြ‌ကြောင်း သိရသည်။

မိုးမိုး