မိုင်းယောင်း အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းအုပ်စု၊ ဝမ်ကောင်းကျေးရွာအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဓါတ်လုံစေတီတော်အား အခွန်လွတ်သာသနာ့မြေရရှိစေရန်နှင့် သာသနာအဆောက်အဦများ လျှောက်ထားသည့် မြေပေါ်တွင် မြေလွတ်မြေရိုင်းအသုံးပြရန် ခွင့်ပြုထားသည့်အတိုင်း ဆောင်ရွက်မှုရှိ/မရှိကို ယမန်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က မြေလွတ်မြေရိုင်းအထူးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဟောင်ကြန့်အုပ်စု ဟောင်ကွေ့ကျေးရွာ ဦးစိုင်းမဏီထောင်း၊ ဝမ်ဘိုးအုပ်စု နားဖန်းကျေးရွာ ဦးရှဲန်ပျဲန်းနှင့် ဦးအိုက်ခမ်း၊ ဝမ်တပ်အုပ်စု ဟွေထမ်ကျေးရွာ ဦးစိုင်းထွန်းတို့မှ အုတ်လိုင်စင်လျှောက်ထားသည့်နေရာအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း