မိုင်းယောင်းမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း

မိုင်းယောင်း အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယမန်နေ့က ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် ကော်မတီဝင်များက ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်း ဆရာတော်အား ဆန်(၁၂)ပြည် နှစ်အိတ် တန်ဖိုးငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း ဆရာတော်အား ဆန်(၁၂)ပြည် နှစ်အိတ်တန်ဖိုးငွေကျပ် တစ်သိန်းကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေကော်မတီဥက္ကဋ္ဌတို့သည် ဝမ်တပ်ကျေးရွာအုပ်စု ရပ်/ကျေး စာရေး၏ ဖခင်ကွယ်လွန်ခြင်းအတွက် ထောက်ပံ့ငွေ ကျပ်နှစ်သိန်းနှစ်သောင်းကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ဦး ကလေးမီးဖွားခြင်းအတွက် ထောက်ပံ့ငွေကျပ်ငါးသောင်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း