ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ လောက်ကိုင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လောက်ကိုင် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျောင်းဝင်းအတွင်း/အပြင်‌ရှိ အမှိုက်နှင့်မြက်ပင် ခြုံနွယ်များကို  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ဒုတိယရဲမှူးကြီး ဦးညွန့်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ပရဟိရအဖွဲ့များ ကျန်းမာရေးဝန်ထမ်များ စုစုပေါင်းအင်အား (၄၉၈)ဦးတို့ဖြင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညိုညိုဝင်း(လောက်ကိုင်)