ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အ.လ.က(၁)ထခွဲကျောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နမ့်ဆန် အောက်တိုဘာလ ၁၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(ထခွဲ)၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းဝင်းအတွင်း/ အပြင်နေရာများတွင် ဌာနဆိုင်ရာဝန်ထမ်း များစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီအချိန်က  ဆောင်ရွက်ခဲ့သည်။

အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခြင်များခိုအောင်းနိုင်သော ကျောင်းပတ်ဝန်းကျင်ရှိ မြက်ပင်ခြုံနွယ်များ ရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်များကို အမှိုက်သယ်ယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့် အဖွဲ့ဝင်များရှေ့တန်းအမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းတို့က ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြောင်းသိရပြီး နမ့်ဆန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အဖွဲ့ဝင်များ၊ ထွေအုပ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရှေ့တန်းအမှတ်(၁၀၁) တပ်မဌာနချုပ်မှ အရာရှိ၊ အရာခံစစ်သည်များ၊ စုစုပေါင်းအင်အား (၂၅၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

နမ့်ဆန်ဒေသ (ပြန်/ဆက်)