လယ်ဝေး အောက်တိုဘာ ၁၄
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဉီးမြင့်စိုးသည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေနံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း၊ အပြင် ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး ကျောင်းသား၊ ကျောင်သူများ စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်စေနိုင်ရန် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုအားပေးသည်။
ရှေးဉီးစွာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းဝန်း အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်းများ အပတ်စဉ် ဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က စာသင်ကျောင်း အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်ရန်အတွက် အတတ်နိုင်ဆုံး သန့်ရှင်းသပ်ရပ်မှု ရှိစေရန် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊ သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးပြီး ရေရှည်တွင်လည်း သန့်ရှင်းသပ်ရပ်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်သည် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဉီးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၁၀၁ ဉီးဖြင့် ကျောင်းဝန်း အတွင်း၊ အပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအား အလင်းဖွင့်ခြင်း၊ သစ်ကိုင်းများ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို မော်တော်ယာဉ်များဖြင့် သတ်မှတ်နေရာများအား စွန့်ပစ်ပေးခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)