နမ္မတူမြို့နယ်တွင် လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းမှ ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

နမ္မတူ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်းမှ ရေဘေးသင့်အိမ်ထောင်စု (၁၄)စုသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်းမှ အောက်တိုဘာလ (၁၂) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတူမြစ်ချောင်းရေမြင့်တက်လာခဲ့ပြီး မြစ်ရေပိတ်ဆို့ပြီး နမ္မလချောင်းအနီးရေနစ်မြုပ်ခဲ့သော ပန်ဟိုက်ရပ်ကွက် နယ်မြေ (၄)ရှိ လူနေအိမ် (၃)လုံး၊ နယ်မြေ (၅)ရှိ လူနေအိမ် (၆)လုံး၊ နယ်မြေ (၁၀) ရှိ လူနေအိမ် (၅)လုံး စုစုပေါင်း လူနေအိမ် (၁၄)လုံးအတွက် တစ်အိမ်လျှင် ဆန် (၃)ပြည်၊ ဆီ (၁) ပိဿာ၊ ဆား (၁)ပိဿာ၊ ကြက်ဥ (၂၀)လုံး၊ ပဲဝါလေး (၅၀)ကျပ်သား၊ ကြက်သွန်နီ (၁)ပိဿာ၊ ခေါက်ဆွဲခြောက် (၅)ထုပ်၊ ဆပ်ပြာဗူး (၁) ဗူး၊ ဆပ်ပြာမှုန် (၁) ထုပ်၊ Mask (၁)ထုပ်၊ ဆပ်ပြာအမွေးခဲ (၁)ခဲနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးသင့်အသင်းဝင်မိသားစုနေအိမ် (၅) အိမ်အတွက် တစ်အိမ်လျှင် ငွေကျပ် (၃၀၀၀၀) ကျပ်နှုန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးသိန်းကြည်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)