မိုင်းယောင်းမြို့နယ်၌ ခရိုင်အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟောင်ကြန့်ကျေးရွာအုပ်စု၊ နမ့်ယွန်းကျေးရွာတွင် အခြားနည်းအသုံးပြုမှု မြေပြင်တွင်အမှန်တကယ်လုပ်ဆောင်ခြင်း ရှိ၊ မရှိ စသည့် မြေလွတ်မြေရိုင်း အသုံးပြုခွင့်ပြုထားသော တော်ဝင်မိုင်းယောင်းဆန်စက် မြေအသုံးချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း