လားရှိုး အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြို့တွင်းရေမြောင်းများအတွင်းသို့ အမှိုက်များစီးဝင်ကာ ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။
အမှိုက်ပိတ်ဆို့မှုများကြောင့် ရေစီးမြောင်းများတွင် ရေပုံမှန်စီးဆင်းမှုမရှိတော့ပဲ ရပ်ကွက်များအတွင်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့သော ရေကြီးရေလျှံမှုများမှ မဖြစ်ပေါ်စေရေးတို့အတွက် လားရှိုးမြို့နယ်စည်ပင်သာယာဌာနမှ စက်ယန္တရားများဖြင့် ပိတ်ဆို့နေသော အမှိုက်များကို ရှင်းလင်းဖယ်ရှားပေးလျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ပါက တောင်ကျရေများစီးဆင်းကာ အနိမ့်ပိုင်းကျရောက်သော ရပ်ကွက်များအတွင်းရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ကာ အုတ်တံတိုင်းများ ပြိုကျခြင်း၊ အပင်များလှဲပြိုခြင်းများ မကြာခဏဖြစ်ပွားတတ်ကြောင်း သိရသည်။
စိုင်းထွန်း