မိုးစပါးစိုက်တောင်သူများ ယူရီးယားဓါတ်မြေသြဇာသုံးစွဲမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

မောက်မယ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၃ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေပိုမိုရရှိစေနိုင်မည့် စိုက်ပျိုးရေးနည်းပညာများ၊ မြေသြဇာသုံးစွဲနည်းပညာများ စနစ်တကျသုံးစွဲတတ်စေရန် ရည်ရွယ်၍ တောင်သူများ ယူရီးယားဓါတ်မြေသြဇာသုံးစွဲမှုအခြေအနေအား ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး−၃ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးနှင့် ဝန်ထမ်းများက နောင်ခိုက်ကွင်းရှိ ဦးအေးမောင်၏ လယ်စိုက်ကွင်းအမှတ်(၁၁) ဦးပိုင်အမှတ် (၂၆)၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ကွင်းများသို့ မိုးစပါးအထွက်နှုန်းကောင်းမွန်စေရန်အတွက် တောင်သူများထံသို့ ထောက်ပံ့ပေးထားသော ယူရီးယားဓါတ်မြေသြဇာ သုံးစွဲမှုအခြေအနေအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)