ကွန်ဟိန်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် လမ်းဦးစီးဌာနမှ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က မိတ္ထီလာ-တောင်ကြီး-ကွန်ဟိန်း-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွန်ဟိန်းလမ်းတံတားဂိတ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ လမ်းဉီးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးနိုင်ဝင်းမင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သက်ဦး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး၊ ယာဉ်/စည်း တပ်ကြပ်ပြည့်ဖြိုးသူနှင့် တာဝန်ရှိသူများက မိတ္ထီလာ-တောင်ကြီး-ကွန်ဟိန်း-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွန်ဟိန်းလမ်းတံတားဂိတ်တွင် ပြည်သူများနှင့် မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရန် အတွက် သိထားရမည့်လမ်းပေါ်ရှိ ဆေးရေးအမှတ်အသားများ၊ သတ်မှတ်ယာဉ်ကြောများ၊ လမ်းညွှန်အမှတ်အသားများ၊ ယာဉ်မောင်းသူများ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ခြေကျင်လျှောက်သူများ သိရှိလိုက်နာရန်အချက်များ၊ စက်ဘီးစီးသူများလိုက်နာရန် စည်းကမ်းချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးပြီး မော်တော်ယာဉ်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)