လွိုင်လင်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

လွိုင်လင်  အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် မော်တော်ယာဉ်အသုံးပြုသူများ၊ ဆိုင်ကယ်စီးနင်းသူများ၊ စက်ဘီးစီးနင်းသူများနှင့် ခြေလျင်လျှောက်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လမ်းဦးစီးဌာနမှ ဦးဆောင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၀၈:၃၀)နာရီက တောင်ကြီးမှ လွိုင်လင်မြို့အဝင် တိုးဂိတ်နှင့် လွိုင်လင်မြို့မဈေးကြီးရှေ့ နာရီစင်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လွိုင်လင်မြို့အဝင် တိုးဂိတ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများကလည်းကောင်း၊ မြို့မဈေးကြီးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လမ်းဦးစီးဌာနဝန်ထမ်း၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)