မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြောက်ဦး အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် မြောက်ဦးမြို့နယ် ဘုရားအုပ်ကျေးရွာရှိ အ.မ.က(မူလွန်) ကျောင်း၌ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးကျော်ဆန်းနိုင်က ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်စို့ အကြောင်းကို ဟောပြောရာတွင် ပလစ်စတစ်နှင့် ဆက်စပ်အမှိုက်များ၏ ဆိုးကျိုးများအကြောင်း၊ အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဖြစ်ပွားနိုင်သော ရောဂါများအကြောင်း၊ သာမာန်အမှိုက်နှင့် ပလတ်စတစ်ရောနှောပစ္စည်း အမှိုက်များ ဆွေးမြေ့မည့် ကြာမြင့်ချိန်၊ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်မည့်ဘ နည်းလမ်းများ” စသော အကြောင်းအရာများကို အကျယ်တဝင့် ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၉၀) ဦးခန့် တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေးခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းတတ်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)