ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဝေဟင်မှ ပုဂံရှုခင်းများကြည့်ရန် Balloonns များ စတင်ပျံသန်း

ညောင်ဦး  အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှုခင်းများကြည့်ရှုရန် ရွှေလေတံခွန်(နီညိုရောင်)မီးပုံပျံဓာတ်ငွေ့ Balloonns အဖွဲ့မှ အောက်တိုဘာ ၇ ရက်၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဟိုတယ်ဇုန်(၄)မှ စတင်ပျံသန်း၍ ယခုနှစ်ဆောင်ရာသီ Balloonns ပျံသန်းခြင်းများ စတင်ပျံသန်းခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကောင်းကင်ယံမှရှုခင်း ကြည့်ရှုနိုင်ရန် Balloonns စတင်ပျံသန်းခြင်းအား ရွှေလေတံခွန် (နီညိုရောင်)မီးပုံးပျံ ဓာတ်ငွေ့ Balloonns အဖွဲ့မှ ပိုင်းလော့ KX-Gavm မောင်းနှင်သော XY-AKH နံပါတ်ပါ Balloonns နှင့် ပိုင်းလော့ K-Andy မောင်းနှင်သော XY-AKY နံပါတ်ပါ Balloonns တို့အား (၁)စီးလျှင် လူဦးရေ (၁၆)ဦး လိုက်ပါစီးနင်းခဲ့ပြီး နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ပုဂံမြို့သစ် အရှေ့ဘက် Bagan Lodge ဟိုတယ်၏ အရှေ့တောင်ဘက်တွင် ဆင်းခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ဧရာဝတီမြစ်အလှရှုခင်းများ၊ ထန်းပင်ထန်းတောများ၊ အညာဒေသတွင်ပေါက်ရောက်သည့် ထနောင်ပင်များ၊ တမာပင်များ၊ ရှေးဟောင်းအဆောက်အအုံများအား ပြည်ပခရီးသွားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားဧည့်သည်များ လိုက်ပါစီးနင်းမှုများပြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြန်မာ ပြည်တွင်းကူးစက်မှုရှိလာချိန်မှစတင်ကာ ပျံသန်းမှုများရပ်တန့်ခဲ့ကြောင်း၊ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်အချိန်မှစတင်ကာ နေ့စဉ် Balloonns များ စတင်ပျံသန်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဒီပါလင်း