ညောင်ဦးမြို့နယ် တက်မရေနံမြေ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ညောင်ဦး  အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တက်မရေနံမြေ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP) ရေးဆွဲခြင်းနှင့်ပတ်သက်၍ တက်မရေနံမြေလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးရဲထွန်း(ညွှန်ကြားရေးမှူး)နှင့် တွေ့ဆုံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

တက်မရေနံမြေ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲခြင်းနှင့်ပတ်သက်၍ တက်ရောက်လာသည့် ရေနံမြေလုပ်ငန်းရှင်များမှ တစ်ဦးခြင်းမိတ်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးရဲထွန်း(ညွှန်ကြားရေးမှူး)မှ တက်မရေနံမြေ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)ရေးဆွဲခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ တက်မရေနံမြေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ပြီးနောက် တက်မရေနံမြေ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲခြင်းနှင့်ပတ်သက်၍ အသိပညာပေးအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရေနံမြေလုပ်ငန်းရှင်များမှ ဆွေးနွေးပြောကြားကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးရဲထွန်း(ညွှန်ကြားရေးမှူး)မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း