ရသေ့တောင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားပြုလုပ်

ရသေ့တောင် အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားမှူး ကောင်းများ ပေါ်ထွက်လာစေရန်အတွက် သင်တန်းသား၊ သင်တန်းသူများက လေ့ကျင့်သရုပ်ပြသခဲ့ကြသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ အကြီးတန်းစာရေး၊ အငယ်တန်းစာရေးနှင့် လစာနှုန်းတူ အမှုထမ်း အမျိုးသမီးဝန်ထမ်း ၂၇ ဦး တက်ရောက်သင်ယူခဲ့ကြပြီး  သင်တန်းကာလမှ နှစ်ပတ်ကြာပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ထွန်းလင်းကျော်(ပြန်/ဆက်)