ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းနှင့် ShweNote Application Teamတို့ပူးပေါင်း၍ အမှတ်(၉၃)ရပ်ကွက်အတွင်းရှိ လက်လုပ်လက်စားပြည်သူများ၊ နာတာရှည်သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ယမန်နေ့ နံနက်(၁၁:၀၀) နာရီက စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ လက်လုပ်လက်စား၊ နာမကျန်းသက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား အိမ်ထောင်စု ( ၁ )စုလျှင် ဆန်( ၃ )ပြည်၊ ဆီ၁ပိဿာ ၅၀ကျပ်သား၊ ဆား(၃)ထုတ်၊ ကြာဇံ(၃)ထုတ်၊ ကြက်ဥ(၁၀)လုံးနှုန်းဖြင့် အိမ်ထောင်စု(၇၀)စုထံသို့ လက်ဝယ်အရောက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် စားသောက်ကုန်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များနှင့် ShweNote Application အဖွဲ့သားများမှ အိမ်ထောင်စု (၇၀)၊ လူဦးရေ (၂၀၁)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ