ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်း၌ သူနာပြုအမျိုးသားဝတ်စုံနှင့် ဦးဆောင်းပေးအပ်နှင်းပွဲ ကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်းတွင် သူနာပြုအမျိုးသားဝတ်စုံနှင့် ဦးဆောင်းပေးအပ်နှင်းပွဲအခမ်းအနားကို အဆိုပါသင်တန်း‌ကျောင်းရှိ ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါ်သိန်းသိန်းကြည်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား‌‌ကောင်စီဥက္ကဋ္ဌ၏ကိုယ်စား ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ဒေါ်မြမြညိုမှ လမ်းညွှန်အမှာစကား‌ပြောကြားခြင်း၊ ဗဟိုအိမ်တိုင်ရာ‌ရောက် သားဖွားသင်တန်း‌ကျောင်းမှ ကျောင်းအုပ်ဒေါ်မော်မော်ဝင်းမှ အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်း‌ကျောင်း၊ သူနာပြုနှင့်သားဖွားဒီပလိုမာ၊ (၃)နှစ်သင်တန်း၊ အပတ်စဉ်(၂)ကျောင်းသား/သူများအား သူနာပြုအမျိုးသားဝတ်စုံနှင့် ဦး‌ဆောင်အပ်နှင်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍အခမ်းအနားတွင် သူနာပြုအမျိုးသားဝတ်စုံနှင့် ဦး‌ဆောင်းအပ်နှင်းခြင်းခံယူပြီး‌သော ကျောင်းသား/သူများမှ သူနာပြုမိခင်‌ဖ‌‌လောရင့်နိုက်တင်‌ဂေး၏ ဆီမီးအလင်း‌ရောင်အား လက်ဆင့်ကမ်းထွန်းညှိ၍ သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် ဗဟိုအိမ်တိုင်ရာရောက်သားဖွားသင်တန်းကျောင်း၊ သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း၊ အပတ်စဉ်(၂)၊ semester(1 )တွင် ထူးချွန်ဆုရရှိသော‌‌ ကျောင်းသား/သူများအား ဆုများချီးမြှင့်‌ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများမှ နံပန်းဆံသီချင်း၊ ငွေသော်တာရောင်ခြည်သီချင်း၊ ဂရုနာအလင်းသီးချင်းတို့ဖြင့် သီဆို‌ဖျော်ဖြေဂုဏ်ပြုခဲ့ပြီး‌နောက် အပတ်စဉ်(၂) ကျောင်းသား/ သူများ၏ကိုယ်စား ကျောင်းသူတစ်ဦးမှ‌ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားမှူး ဒေါ်ခင်မို့မို့ဦး၊ ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်းရွှေ၊ တ/ဥက္ကလာပ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး သူနာပြုအုပ်ကြီး ဒေါ်မြင့်မြင့်အေး၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းအတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ အမျိုးသမီးကျန်းမာရေးသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စန္ဒာဝင်း၊ ဗဟိုသားများသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်ချိုချိုအောင်၊ သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်မိခင်စောမူနှင့် ရန်ကင်း၊ တောင်ဥက္ကလာပ၊ မ/ဥက္ကလာ၊ သင်္ဃန်းကျွန်းဆေးရုံတို့မှ သူနာပြုနှင့် ဒုတိယသူနာပြု‌ကျောင်းအုပ်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်ဝင်းနှင့် ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)