ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် သတ်မှတ်နေရာများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး  အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး သတ်မှတ်နေရာများထားရှိပေးထားရာနေရာများသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးဇုန်များအလိုက် သတ်မှတ်ထားရှိပြီး သမိုင်းအထင်ကရဘုရားများ၊ ဘုရားဖူးဝင်ရောက်မှုများပြားသည့် ဘုရားများ၊ ဟိုတယ်၊ မိုတယ်များ၊ ဆေးရုံ၊ ဌာနဆိုင်ရာများ၊ စားသောက်ဆိုင်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆေးလိပ်သောက်ခွင့်မပြုသောနေရာ၊ ဆေးလိပ်သောက်ခွင့်ပြုသောနေရာများ သတ်မှတ်ထားရှိသည့် နေရာများအား ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများဆောင်ရွက်ရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယဌာနမှူး ဒေါက်တာရွှေစင်ထိုက်၊ ဧည့်လမ်းညွှန်အသင်းအဖွဲ့ဝင်များ၊ စားသောက်ဆိုင်လိုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ဆေးလိပ်ငွေ့ကင်းစင်ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် ဇုန်အလိုက် သတ်မှတ်နေရာများအား ကွင်းဆင်းပညာပေးခြင်းများ ဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရပြီး ညောင်ဦးမြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁၀၂)နေရာ သတ်မှတ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဒီပါလင်း