တုံတာမြို့၌ “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တုံတာ အောက်တိုဘာလ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၁၂ ရက်နေ့မွန်းလွှဲ (၂)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မွန်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စာပေကလပ်အသင်းများ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် Book Club အဖွဲ့ဉက္ကဋ္ဌ ​​ဒေါ်ဇင်မေလှိုင်က စာပေစကားဝိုင်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် မျိုးဆက်သစ်လူငယ်လူရွယ်များအတွက်  အသိပညာဗဟုသုတများအား ဆွေးနွေးပွဲတွင် စတင်ဦးဆောင်ဆွေးနွေးခဲ့​​ကြောင်း သိရသည်။ဆက်လက်၍ Book Club အဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားပြုစုသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ပါ အကြောင်းအရာများကို မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်များဖြင့် အလှည့်ကျ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာပေစကားဝိုင်းဆွေးနွေးပွဲအပြီးတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မွန်ကကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြတ်မွန် (ပြန်/ဆက်)