တံတားဦး အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဇူလှိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် အသက်(၈၅)နှစ်အထက် အသက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျောက်ဆည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ အသက်ကြီး အဘိုး၊ အဘွား (၉၅၄)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၈၆၂၀၀၀၀)ကျပ်ကို တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်အတူ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်