မြေပုံမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း CASH FOR WORK ကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်

မြေပုံ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း CASH FOR WORK ကျေးရွာအဆင့်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခြင်းကို အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ် (၁)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပထမဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွယ်မှ အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းတာဝန်ခံ ဦးကျော်တိုးလင်းနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ တို့က လုပ်အားခပေးဖွံ့ဖြိုးရေးစီမီကိန်း CASH FOR WORK ကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်းနှင့်စပ်လျဉ်း၍ ငွေကြေးစီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ ဝေဖန်အကြံပြုတိုင်ကြားခြင်း၊ လူမှုဆိုင်ရာပူးပေါင်းပါဝင်မှုကဏ္ဍ၊ ကျား/မဆိုင်ရာကဏ္ဍ၊ သတ်မှတ်ပုံစံများဖြည့်သွင်းနည်း၊ ကျေးရွာအဆင့်ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များ စသည်သင်ခန်းစာများအား သင်တန်းဖွင့်လှစ် ပို့ချပေးခဲ့သည်။

လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း CASH FOR WORK ကျေးရွာအဆင့်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲသို့ မြေပုံမြို့နယ်အတွင်း ကျေးရွာ (၁၁)ရွာမှ ကော်မတီဝင် (၃၃)ဦးတို့ တက်ရောက်ကြပြီး ရေကန်တာဘောင်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ(၁၁)ရွာသို့ ကျေးရွာ (၁)ရွာလျှင် ငွေကျပ် (၁၀၀)သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။ 

တင်ဝင်း