မောင်တော အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ကြီးမှူး ဖွင့်လှစ်ခဲ့သော အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ပေးခဲ့ရခြင်းများနှင့်ပတ်သတ်၍ အမျိုးသမီးဝန်ထမ်းများအနေဖြင့် ဌာနမှကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ အစည်းအဝေးများတွင် အခမ်းအနားမှူးများ ဆောင်ရွက်ရာတွင် အမှားအယွင်းမရှိ စနစ်တကျ အစီအစဉ်အတိုင်း ဆောင်ရွက်တတ်စေရန်နှင့် စကားအသုံးအနှုန်း မှန်ကန်စွာ ပြောဆိုဆောင်ရွက်တတ်စေအောင် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းတွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့ကြသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ အကြီးတန်းစာရေး၊ အငယ်တန်းစာရေးနှင့် လစာနှုန်းတူ အမှုထမ်း အမျိုးသမီးဝန်ထမ်း ၂၄ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလမှ နှစ်ပတ်ကြာပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်