ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်လှစ်

မောင်တော   အောက်တိုဘာ     ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ခရေမြိုင် ကျေးရွာ၊ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းက အမှာစကားပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဉမ္မာထွန်းက  သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျေးလက်နေမိသားစုများ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိ၍ လုပ်ငန်းများ ထူထောင်နိုင်ရေး၊ မိသားစုဝင်ငွေတိုးပွားစေရန် စသည့် ရည်ရွယ်ချက်များဖြင် ဖွင့်လှစ်ခြင်းဖြစ်ရာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ပို့ချပေးမည့်ဘာသာရပ်များအား နည်းပြများက လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို ပထမအကြိမ်အဖြစ် သင်တန်းသား ၁၅ ဦးဖြင့် ဖွင်လှစ်ပေးမည်ဖြစ်ပြီး  သင်တန်းကာလမှာ တစ်ပတ်ကြာမြင့်မည်ဖြစ်ရာ  ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် မွမ်းမံသင်တန်းကို ထပ်မံ ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်သဖြင့်  သင်တန်းတွင် ထူးချွန်သင်တန်းသား ၅ ဦးအား ရွေးချယ်၍ သင်တန်းသားတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် တန်ဖိုးညီမျှသည့်  လုပ်ငန်းသုံးနှင့်ကုန်ကြမ်းပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်