ဆီဆိုင်မြို့၌ ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ဆီဆိုင် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် လူငယ်များ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်၊  စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကြီးဒဲရယ်က ကျောင်းပိတ်ရက်တွင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်၊ အားလပ်ချိန်တွင် အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူး များကို အသိပညာပေးဟောပြောခဲ့ပြီး  အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေး၍ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား မေတ္တာလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။    

မျိုးမြတ်(ဆီဆိုင်)