မက်မန်းမြို၌ လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်ပြပွဲ ကျင်းပ

မက်မန်း အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊  Community Centre ခန်းမတွင် လူငယ်များ အသိပညာတိုးပွားရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့သားကောင်း ရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာကြည့်ရှု့၍ အသိပညာဗဟုသုတ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြသခဲ့သည်။

အဆိုပါစာအုပ်ပြပွဲတွင် လူငယ်များ အသိပညာရရှိစေအတွက် အထွေထွေ ဗဟုသုတ စာအုပ်များ၊ သင်ထောက်ကူ စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မွေးမြူရေးဆိုင်ရာ စာအုပ်များ၊ ဘာသာရေးဆိုင်ရာ စာအုပ်များ၊ ပြည်သူ့နီတိ စာအုပ်များ၊ တက်ကျမ်း စာအုပ်များ၊  စာရေးဆရာ ပီမိုးနင်း၏ စာအုပ်များ၊ စာရေးဆရာ အောင်သင်း၏ စာအုပ်များ၊ တိုင်းရင်းသားရိုးရာ စာအုပ်များ၊ ယဉ်ကျေးလိမ္မာ စာအုပ်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)