ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ)သမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေပေါ် အတိုးများ ပေးအပ်

ရပ်စောက် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းအမှုဆောင်အဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်အတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးများကို ယနေ့နံနက်ပိုင်းက နယ်မြေအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းတွင် အသင်းသား (၁၀၀၂)ဦးရှိပြီး ၎င်းအသင်းသားများအတွက် စုဆောင်းငွေအပေါ် အတိုးငွေကျပ် (၁၂၈.၇၆၃)သိန်းစကို ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းအမှုဆောင်ဒါရိုက်တာ ဒုမြို့နယ်ပညာရေးမှူး ဦးတင်မောင်အုန်းနှင့် တာဝန်ရှိသူများက နယ်မြေအလိုက် နယ်မြေမှူးများမှတစ်ဆင့် အသင်းသားတစ်ဦးချင်းထံသို့ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆုမွန်