လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ သန်လျင်၌ကျင်းပ

သန်လျင် အောက်တိုဘာ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး(သန်လျင်)နှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့တို့၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်၊ ဆက်လက်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" ခေါင်းစဉ်ပါ အကြောင်းအရာများဖြစ်သော လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းခြင်း၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်အမှား စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို တက်ရောက်လာကြသောမြို့နယ်စာပေးမြတ်နိုးသူများအဖွဲ့ Book CLup အဖွဲ့ဝင်များကဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများအသိပညာဗဟုသုတ ပြည့်ဝစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ လူငယ်စကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ TaLk Show များ၊ ဓာတ်ပုံနံရံကပ်စာစောင် စာအုပ်ပြပွဲများ၊ ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)