မင်္ဂလာဒုံ အောက်တိုဘာ ၁၃
အသက် ၉ နှစ်မှ ၁၂ နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(Human Papillona virus)(HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ရွှေဦးက အဖွင့်မှာစကားပြောကြား၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာဝင်းဝင်းမာက သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားရခြင်းကို ရှင်းလင်းပြောကြားခြင်း၊ ကာကွယ်ဆေးထိုးနှံရမည့်လုပ်ငန်းစဥ် အဆင့်ဆင့်ကိုရှင်းလင်းဆွေးနွေးခြင်း၊ အခြေအနေအမျိုးမျိုးကြောင့် ကျောင်းအခြေပြုဆေးထိုးနှံရာတွင် မပါဝင်ခဲ့သည့် မိန်းကလေးငယ်များအား လူထုအခြေပြုလုပ်ငန်းစဥ်ဖြင့် အောက်တိုဘာလ ၁၆ ရက်မှ ၂၉ ရက်အတွင်း ထိုးနှံပေးနိုင်ရန် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ်အတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိကျေးလက်ကျန်းမာရေးဦးစီးဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွပ်ရာအိမ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)