တံတား အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပန်းချောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးမှုကို တံတားမြို့တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူက ကျေးရွာသူ/ကျေးရွာသားများအား ကံ၊ စိတ်၊ ဥတု၊ အာဟာရအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး အမျိုးသားလူနာ (၁၂) ဦး၊ အမျိုးသမီးလူနာ (၂၆) ဦးနှင့် ကလေးလူနာ ကျား (၂) ဦး၊ မ (၂) ဦး စုစုပေါင်း လူနာ (၄၂) ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(တံတားပြန်ဆက်)